အားလုံးမင်္ဂလာပါခင်ဗျာ..။ ကျွန်တော်အခု ဖော်ပြပေးမှာကတော့ မိမိတို့ရဲ့ ဘလော့မှာ MP3 Player လေး ထည့်ထားချင်သူများအတွက် လုပ်နည်းလေးကို မိမိနားလည်သလို ဖော်ပြပေးလိုက်ပါတယ်။ New Blogger များအတွက် ရည်ရွယ်ရေးသားခြင်းဖြစ်တဲ့အတွက် သိပြီးသူများအနေနဲ့ လိုအပ်ချက်များကို ဖြည့်စွက်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ စိတ်ဝင်စားသူများ အောက်ကအဆင့်တွေအတိုင်း လိုက်လုပ်ကြည့်ကြပါခင်ဗျာ...။
အခု ကျွန်တော်ဖော်ပြပေးတဲ့ နည်းလေးအတိုင်း လုပ်မယ်ဆိုရင် အရင်ဆုံး Account နှစ်ခု ဖွင့်ဖို့လိုပါတယ်။ တစ်ခုက mp3 ဖိုင်တွေကို upload တင်ပြီး Direct Link (streaming) ထုတ်ယူဖို့အတွက်ဖြစ်ပြီး နောက်တစ်ခုကတော့ mp3 Player အတွက်ပဲဖြစ်ပါတယ်။
အဆင့်(၁)
mp3 ဖိုင်တွေကို upload တင်ဖို့အတွက်က direct link ရတဲ့ မိမိနှစ်သက်ရာ site တွေကိုအသုံးပြုလို့ရပါတယ်။ အခု ကျွန်တော့အနေနဲ့တော့ Open Drive မှာ Upload တင်တဲ့ပုံစံလေးနဲ့ ဖော်ပြပေးသွားပါ့မယ်။ အရင်ဆုံး ဒီနေရာကို သွားပြီး Account သစ်တစ်ခု ဖန်တီးလိုက်ပါ။ ပြီးရင် မိမိနှစ်သက်တဲ့ mp3 ဖိုင်တွေကို upload တင်ပါ။
upload တင်ပြီးသွားရင် အပေါ်ကပုံမှာလို တွေ့ရပါလိမ့်မယ်။ Direct Link ထုတ်ယူဖို့အတွက် ပုံမှာပါတဲ့အတိုင်း mp3 ဖိုင်ရဲ့ အပေါ်ညာဘက်ထောင့်က မျှားလေးကိုကလစ်လုပ်ပါ။ Links ဆိုတာကို ထပ်ပြီးကလစ်လုပ်ပါ။
အပေါ်ကပုံမှာပြထားတဲ့အတိုင်း Direct Link: (streaming) ကို ကော်ပီလုပ်ပြီး NotePad မှာဖြစ်ဖြစ် မှတ်ထားလိုက်ပါ။ သီချင်း ၅ ပုဒ်ဆိုရင်လည်း ဒီနည်းအတိုင်း direct link တွေကိုထုတ်ယူလိုက်ရင် link (url) ၅ ခုရှိလာမှာဖြစ်ပါတယ်။ အခုအပေါ်မှာ ဖေါ်ပြခဲ့တာကတော့ mp3 ဖိုင်တွေကို upload တင်ခြင်းနှင့် Direct Link ထုတ်ယူခြင်းပဲဖြစ်ပါတယ်။
အဆင့်(၂)
ဒီတစ်ခါ mp3 player ဖန်တီးတဲ့အဆင့်ကို ဖော်ပြပေးပါ့မယ်။ MixPod.com မှာ သွားပြီး Account သစ်တစ်ခု sign up လုပ်လိုက်ပါ။ ပြီးရင် အောက်က ပုံမှာ ပြထားတဲ့အတိုင်း Playlist တစ်ခု ဖန်တီးပါ့မယ်။
အပေါ်ကပုံအတိုင်း မိမိ upload တင်ထားတဲ့ mp3 ဖိုင်တွေကိုသာ playlist ဖန်တီးချင်တဲ့အတွက် Add URL ဆိုတာကို ကလစ်လုပ်ပါ့မယ်။ ပြီးရင် URL ဆိုတဲ့အကွက်မှာ စောစောက NotePad မှာ မှတ်ထားတဲ့ mp3 ဖိုင်တစ်ခုရဲ့ Direct Link (URL) တစ်ခုကို ကော်ပီယူပြီး ထည့်ပါမယ်။ သီဆိုသူနဲ့ သီချင်းအမည်ကတော့ မိမိဆန္ဒအတိုင်း ထည့်ချင်လည်း ထည့်လိုက်ပါ။ ပြီးရင် Add Track ကိုကလစ်ပါ။ အဲဒီနည်းအတိုင်း သီချင်း ၅ ပုဒ် ထည့်မယ်ဆိုရင် ၅ ကြိမ်လုပ်ရမှာဖြစ်ပါတယ်။
ဒီတစ်ခါ မိမိအသုံးပြုလိုတဲ့ player ပုံလေးတွေ၊ အရောင် နဲ့ Settings ကို ရွေးချယ်ဖို့အတွက် Customize ကို ကလစ်လုပ်ပါ။
Settings မှာတော့ မိမိဘလော့ကိုဖွင့်လိုက်တာနဲ့ သီချင်းသံလေးကိုကြားစေချင်ရင်တော့ autoplay မှာ yes၊ ဒါမှမဟုတ်ရင်တော့ No ကိုရွေးချယ်ပေးလိုက်ရုံပါပဲ။ အားလုံးစိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့ Save Playlist ကို ကလစ်လုပ်ပါ။ Playlist Title မှာ နှစ်သက်ရာ တစ်ခုခုပေးပြီး SAVE (get code) ကို ကလစ်လုပ်ပါ။ အောက်ကပုံအတိုင်း တွေ့ရပါလိမ့်မယ်။
ကျွန်တော်တို့က blogger မှာ သုံးမှာဖြစ်တဲ့အတွက် အပေါ်ကပုံမှာပြထားတဲ့အတိုင်း Blogger ကို ကလစ်လုပ်ပါ။ ပြီး code တွေကို ကော်ပီကူးလိုက်ပါ အောက်ပါအတိုင်း ရရှိလာပါလိမ့်မယ်။
Create a playlist at MixPod.com
အဲဒီအပေါ်က code တွေထဲမှာ ကျွန်တော် highlight လုပ်ထားတာတွေကို ဖျက်ပစ်လိုက်ပါ။ မဖျက်ရင်လည်းရပါတယ်။ ဒါပေမယ့် မိမိရဲ့ Player အောက်မှာ မလိုအပ်ပဲ ရှုပ်နေမှာစိုးလို့ပါ။ အပြာရောင်နဲ့ ပြထားတဲ့အတိုင်းအတာတွေကိုတော့ မိမိဘလော့ရဲ့ ဆိုဒ်ဘား width နဲ့ကိုက်ညီအောင် ပြင်ပေးလိုက်ပါ။ မိမိဘလော့ရဲ့ Sidebar က 200px ရှိမယ်ဆိုရင် 190px လောက်ထားပေးလိုက်ပါ။ အားလုံးပြင်ဆင်ပြီးပြီ ဆိုရင်တော့ အဲဒီ code ကို ကော်ပီယူ၊ မိမိရဲ့ Blog မှာ Sing in လုပ်၊ Design-->>Page Elements-->> Add a Gadget-->>HTML/JavaScript မှာ paste လုပ်ပြီး Save လုပ်လိုက်ပါ။ အားလုံးအဆင်ပြေကြပါစေခင်ဗျာ..။
မူရင်းးလင့်
Saturday, January 1, 2011
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment